ရာသီပေါ်ရီးစားစာ
ရည်းစားစကား ဘယ်သူတွေ ဘယ်လိုပြောကြသလဲ ????
ကဗျာဆရာ
***********
လရဲ့ ရှင်သန်ခြင်းက ည
မောင့် ရဲ့ ရှင်သန်ခြင်းက မ
စပယ်ယာ
*********
ဂိတ်ဆုံးထိ စီးစီး တစ်မှတ်တိုင်ပဲစီးစီး မင်း အတွက်ဆို ကိုယ့်ရင်ခွင်မှာ ထိုင်စရာနေရာ ရှိပြီးသားပါ ။
အလှူ ခံပုဂ္ဂိုလ်
**************
ညောင်စေ့လေးလောက်ပဲ ပြန်ချစ်ပေးရင်ညောင်ပင်ကြီးလောက် မင်းကို ချစ်ပါ့မယ်။
ရုံးစာရေး
**********
၁၄.၂.၂၀၁၆
သောကြာနေ့
အကြောင်းအရာ။ ။ ချစ်ခွင့်ပန်ခြင်း။
အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ပြန်လည်ပြောကြားပေးစေလိုပါသည်။
မီးသတ်
*********
ရင်ထဲမှာလောင်ကျွမ်းနေတဲ့ အချစ်မီးတွေကို မင်းလေးရဲ့ ဂါလံ၁၅၀၀ ဆန့် အချစ်ခွန်အားတွေနဲ့ ပက်ဖြန်းပေးပါ။
ရဲ
***
မင်းကိုတွေ့တိုင်း သူခိုးလူမိဖြစ်နေမိတဲ့ ကိုယ့်အဖြစ်ကို ဖမ်းဝရမ်းထုတ်ပြီး နှလုံးသားတစ်စုံကို လက်ထိပ်ခတ်ပေးပါ။
စစ်သား
*******
ကျား ၃
မ ၃
စုစုပေါင်းမိသားစု ၆
စီးပွားရေး သင့်တင့်
အမွေဆိုင်အိမ်တစ်လုံးရှိ
အမိန့်နာခံရန် အသင့်။
ကျူ ရှင်ဆရာ
***********
အစိုးရစစ်ပဲဖြစ်ဖြစ် ကျောင်းတွင်းစစ်ပဲ ဖြစ်ဖြစ် ကိုယ့်အချစ်က အောင်ချက်အကောင်း ဆုံးဖြစ်စေရမယ်။
တရားသူကြီး
***********
၅၂၈ထက်ကျော်လွန်သော
ပုဒ်မ ၁၅၀၀ကြောင့်
ကျွန်ုပ်ကို ကျွန်ုပ် အပြစ်ဒဏ်ချလိုက်သည်။သင်နှင့်တစ်သက်တစ်ကျွန်းအိမ်ထောင်ကျရန် လက်ခံပေးပါ။
ရှေ့နေ
*******
မျက်မြင်သက်သေများရဲ့ထွက်ဆိုချက်အရ
အချစ်တရားခံ ကိုယ့်ကို သက်ညှာတဲ့ပုဒ်မ တစ်ခုတပ်ပြီး မင်းနဲ့အနီးဆုံးနေရာမှာ ရာသန်ပန် နေခွင့်ပြုပါ။
မျိုးချစ်
******
အမျိုးစစ်မှ အမျိုးချစ်တတ်တဲ့မင်းကို
ဗမာ အစစ်ဖြစ်တဲ့ငါက မင်းကိုချစ်ကြောင်း
ရင်ဘတ်မှာ၉၆၉ တံဆိပ်တောင် ခပ်နှိပ်ထားပါရဲ့။
ဘုန်းကြီးလူထွက်
*****************
ကိလေသာပူလောင်မှန်းသိပေမယ့် လောကုတ္တရာကို ဒကာမလေးမပါပဲနဲ့
ဥူးပဇင်းမသွားနိုင်ပါ။
ဗကသ
********
ဘယ်အစိုးရပဲတက်တက် ငါ့အချစ်ကို နင်လက်မခံမချင်း သပိတ်လှန်ဖို့ စိတ်မကူးပါ။
ငှက်
****
ပြည်သူတွေတင်မြောက်တဲ့ ဒို့ အစိုးရလက်ထပ်မှာ မင်စွန်းခဲ့တဲ့ လက်သန်းလေး၂ချောင်း နဲ့ ဘဝခရီးကြမ်းကို တူတူလျှောက်ကြအောင်။
တယ်လီနောဝန်ထမ်း
********************
သတိရတဲ့စိတ်တွေကြောင့် မင်းဆီ တနေ့ကို စာ အကြိမ်ကြိမ်ပို့နေရောပေါ့။
ဘဏ်ဝန်ထမ်း
**************
ကိုယ့်အချစ်တွေ မင်းဆီမှာအပ်နှံဖို့မှတ်ပုံတင်ပါယူခဲ့တယ် ။
EPC
******
မီးတစ်ခါပျက်တိုင်း ကိုယ့်ကို တစ်ခါသတိရမယ်ဆို မီးဖြတ်ဖို့ ကိုယ့်တာဝန်ထားပါ။
စီးပွားရေးသမား
***************
ကုန်ဈေးနှုန်းဆိုတာ အတက်အကျရှိပေမယ့်
ကိုယ့်အချစ်တွေက နှလုံးသားဈေးကွက် မှာတည်ငြိမ်လျှက်ပါ။
ဆြာဝန်
*******
ဘယ်ဆေးမှမတိုးတဲ့ ကိုယ့်နှလုံးသား
မင်းနဲ့မှ နလန်ထ တာပါကွာ ။
အင်ဂျင်နီယာ
***********
ခိုင်မာလှပတဲ့အချစ်အိမ်တစ်လုံးဖန်တီးဖို့ မင်းဘက်က ခေါင်းတချက်ပဲ ငြိမ့်ပေးပါ။
ဗေဒင်ဆရာ
************
မဟာဘုတ်ပဲ ထူထူ ဂြိုလ်ခုံကိုပဲကြည့်ကြည့်
မင်းအတွက်ဆို ကိုယ့်အချစ်က ယတြာ မလိုပဲ
စုတ်ကော လာဘ်ကောဝင်ချင်တာပါ။
အမတ်
******
ပိုင်ဆိုင်မှုနှင့်တစ်ကွ တင်ပြထားသော ကိုယ့်အချစ်ကို
သဘောတူပါသလား။
သဘောတူပါသလား။
သဘောတူပါသလား။
credit>>>>
Thawtar Htet
Comments
Post a Comment