ဖန်တန်တန်ပါဘည်း

ဖန်တန်တန်ပါပဲ )ဖတ်ကြည့်စေချင်

*******ခဏခဏဆိုသလို ဖတ်ဖြစ်တဲ့ အကြိုက်ဆုံးစာသားတွေပါ

တစ်ခါက ပုဏ္ဏားကြီးက နန်းတော်ထဲ အခစားဝင်ရင်း  အတွင်းဆောင်ထဲကို
ရှင်ဘုရင်နဲ့ တွေ့ဖို့ဝင်လာခဲ့တယ်။

ရှင်ဘုရင်နဲ့ မတွေ့ပဲ  မိဖုရား စက်တော်ခေါ် နေတာ တွေ့လိုက် ရတယ်
လုံချည်က လျှော့တော့တော့နဲ့ ဆိုတော့တပ်မက် ဖွယ် အာရုံ ကို
မြင်တွေ့သွားတယ်။

ပုဏ္ဏားကြီးလည်း ဆက်နေလို့ မသင့်တော်တာနဲ့ ပြန်ထွက် သွားခဲ့တယ် မိဖုရားကြီးကလည်း ခြေသံကြားလို့ လန့်နိုးလာပြီး တံခါးပေါက်ကို
လှမ်းကြည့်လိုက်တော့ ပုဏ္ဏားကြီးရဲ့ ကျောပြင်ကို တွေ့လိုက်ရတယ်
အဝတ်အစားကို ပြန်ပြင်ဝတ်ရင်း စိတ်ထဲမလုံ မလဲ ဖြစ်ရင်း မိဖုရားကြီး
ကျန်နေခဲ့တယ်

နောက်ရက်တွေကျတော့ ပုဏ္ဏားကြီး ပုဏ္ဏားကြီး နေမကောင်းလို့ အခစား
မဝင်နိုင်ကြောင်း ရှင်ဘုရင် ကို လျှောက်တင်ထားကြောင်းလည်း သတင်းစကားကြားလိုက်ရတော့...

မိဖုရားကြီးက စဉ်းစားတယ် ဟိုတစ်နေ့က ကိစ္စနဲ့ ပက်သက် နေသလားပေါ့
ပုဏ္ဏားကြီးက ပညာတော်တယ် အတွေ့အကြုံများလို့တိုင်းပြည်အတွက်
ဘုရင်ကြီးကလည်း အားထား နေရတယ်။

ပုဏ္ဏားကြီးကလည်း ဟိုတစ်နေ့က မြင်ခဲ့ရတဲ့ မိဖုရားရဲ့
လျှို့ဝှက်သော အလှကို မျက်စိထဲကကို မထွက်ဘူး။
ရင်ထဲမှာ ခံစားနေရတယ်။
စားလို့လည်းမရ အိပ်လို့လည်းမရ။
နန်းတွင်း အစေခံ တစ်ယောက်က မိဖုရားက  ပုဏ္ဏားကို အခစား ဝင်စေရန်
အမိန့်တော် ချွေလိုက်တယ် ။

မိဖုရားကို မြင်ချင် စိတ်နဲ့ မစားနိုင် မသောက်နိုင်နဲ့ အိပ်ယာထဲလဲနေတဲ့ ပုဏ္ဏား
ငေါက်ကနဲထ နန်းတော်ကို ကြွပါတော့တယ်။
နန်းတော်လည်း ရောက်ရော မိဖုရားကြီးက အပြုံးလေးနဲ့ ကြိုဆိုရင်း
ပုဏ္ဏာကြီးကို 'နေမကောင်းဘူးဆို' လို့ မေးလိုက်တော့..

"မှန်လှပါဘုရား…… အိပ်လို့လည်း မပျော် စားလို့လည်းမရ   ရင်ထဲမှာ
တမ်းတနေတာက  ဘာလိုလို ညာလိုလိုနဲ့ ဘာကိုမှ အလိုမကျ ဖြစ်နေရပါတယ်ဘုရား"…………လို့ စကားလမ်းခင်းသံလေးနဲ့
လျှောက်တင်လိုက်တယ်။

မိဖုရားကြီးကလည်း "သြော်… ပုဏ္ဏားကြီးရယ် ကျမကလည်း ဒါကို သိလို့ ပုဏ္ဏားကြီးအတွက် ဆေးကောင်းသုံးခွက် ဖော်စပ် ပေးထား ပါတယ်"
လို့ အပြုံးလေးနဲ့  ပြောရင်း
ရှေ့မှာတင်ထားတဲ့ ဆေးခွက်ကို လက်ကမ်းပေးလိုက်တော့ ကိုရွှေပုဏ္ဏား က ဘာပြောကောင်းမလည်း တစ်ကျိုက်တည်းပေါ့ မော့ချပြစ် လိုက်တယ်။
ဘာမှ မေးမနေတော့ဘူး ချစ်သူတိုက်တဲ့ ဆေးလေ ကောင်းမှ ကောင်းပေါ့။
မိဖုရားက နောက်တစ်ခွက် ကမ်းပေးလိုက်ပြန်တယ် ပုဏ္ဏားကလည်း
ထပ်မော့ချပြန်တယ်။
ဒီတခွက်ကျတော့ ဆေးအရသာကို နည်းနည်း ခံစားမိသွားတယ်

ဒုတိယခွက်ကုန်သွားတော့ မိဖုရားက တတိယမြောက် ဆေးခွက်ကို
ကမ်းပေးပြန်တယ် ပုဏ္ဏားက နည်းနည်းတွန့်လာပြီးဆေးခွက်ကို
သေချာကြည့်မိတယ်။

မိဖုရားက "သောက်လိုက်ပါ ပုဏ္ဏားကြီးရယ် အားရှိသွားပြီး ရောဂါ ပျောက် တာပေါ့"လို့ ချိုချိုလေး ပြောလိုက်တော့ မော့ချ လိုက်ပြန်တယ်။
ဒီတစ်ခါတော့ ပုဏ္ဏားက မိဖုရားကို သေချာ ပြန်ကြည့်တယ် ။
နောက် စဉ်းစားနေတယ်။ မိဖုရားကလည်း ဒါကို ရိပ်မိတော့
ပုဏ္ဏားကြီးကို

၁။ပထမ ခွက်က ဘာခွက်လည်းလို့ မေးလိုက်တော့ ကြေးခွက်ပါဘုရားတဲ့
ဘာအရသာရှိလည်းဆိုတော့ 'ဖန်တန်တန်နဲ့ပါ ဘုရား' တဲ့    

၂။ ဒုတိယခွက်က ဘာခွက်လည်း ပုဏ္ဏားကြီးဆိုတော ငွေခွက်ပါဘုရားတဲ့
ဘာအရသာ ရှိပါသလည်းဆိုတော့ 'ဖန်တန်တန်ပါပဲဘုရား……တဲ့

၃။ တတိယခွက်ကကော ဘာခွက်လည်း ပုဏ္ဏားကြီးဆိုတော့ ရွှေခွက် ပါဘုရားတဲ့ ။ ဘာအရသာများ ရှိသလည်းဆိုတော့ ..'ဖန်တန်တန် ပါပဲဘုရား' တဲ့

ပုဏ္ဏားကြီးက မိဖုရားရဲ့ အမေးကို ဖြေနေရင်းနဲ့ စဉ်းစားမိလာတယ်။
သြော်.. အပေါ်ယံ ခွက်ကသာ ပြောင်းပေမယ့် အထဲက အရသာ က
မပြောင်းဘူး ဆိုတာ မိဖုရားက ပြောချင်နေတာပဲ။

ဘာကြောင့် ပြောချင်နေတာလည်းလို့ ထပ်စဉ်းစားတော့ မိဖုရားကို စွဲလှမ်းနစ်သက်မိတဲ့ အတွက်ကြောင့်ပဲ။

မိဖုရားအဆောင် အယောင်တွေနဲ့ ဆိုတော့ ရွှေခွက်နဲ့တူတယ်။
အိမ်က ပုဏ္ဏမက ပုဏ္ဏား အဆောင်အယောင်နဲ့ဆိုတော့ ငွေခွက်နဲ့တူတယ်။
အရသာကတော့ ဖန်တန်တန်ကြီးပါပဲပေါ့ ဒါကို မိဖုရားက ပြောချင်တာပဲဆိုပြီး သဘောပေါက်သွားတယ်။

မှန်လှပါ သဘောပေါက်ပါပြီ မိဖုရားကြီး မိဖုရားကြီးက ပညာရှိ ပါ ပေတယ်လို့ ချီးမွှမ်းလိုက်တယ်။
မိဖုရားကြီးကလည်း ပုဏ္ဏားကြီးကလည်း ပညာရှိပါပေ တယ်လို့
ပြန်ပြော လိုက်တယ်။

ဒီတော့မှ ပုဏ္ဏားကြီးလည်း စိတ်ရောဂါတွေ ပျောက်ပြီး ပုံမှန်အတိုင်းပဲ
စားနိုင် အိပ်နိုင် အလုပ် လုပ်နိုင်သွားပါတော့တယ်။
ဒီလိုနားလည်မယ်ဆိုရင်တော့ အိမ်ထောင်ဖက်အပေါ် သစ္စာဖောက် စရာ
မလိုတော့ဘူးပေါ့ အားလုံးက ဖန်တန်တန်ပဲလေ။

{မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ အခြေပြုပဌာန်းတရားတော် စာအုပ်မှ

************ခင်

Comments

Popular posts from this blog

ဂျပန်စာမေးပွဲအကြောင်းသိကောင်းစရာ

ဆီးချိုပြောက်ဆေး ဆီးချိုတတ်နေသော်

Hivရောဂါပြောက်ဆေး