ရပ်ပြစ်၈ပါး
ရပ်ပြစ်ရှစ်ပါး
ဘုရားရှိခိုးတဲ့အခါ
ရပ်ပြစ်ရှစ်ပါးက လွတ်ရာလွတ်ကြောင်း ဆုတောင်းကြတယ်။
ရပ်ပြစ်ရှစ်ပါး ဆိုတာ ဘာကို ပြောတာလဲ ?
ရပ်ပြစ်ရှစ်ပါးဆိုတာ -
အပြစ်မကင်းတဲ့ အရပ်ရှစ်မျိုးကို ပြောတာပါ။
မဂ်ဖိုလ်ကို ရနိုင်ခွင့် မရှိတဲ့ အရပ်ရှစ်မျိုး လို့ နားလည်ရမယ်။
ပထမ - ငရဲ
ဒုတိယ - တိရိစ္ဆာန်
တတိယ - ပြိတ္တာ
စတုတ္ထ - အသညဇော (ခေါ်) အရူပ , ဗြဟ္မာဘုံ ။
ဗြဟ္မာ ဖြစ်တိုင်း ကောင်းတယ် မထင်နဲ့နော် ။
ပဉ္စမ - ယဉ်ကျေးမှု ခေါင်းပါးတဲ့အရပ် ,
လူရိုင်းတွေ နေတဲ့အရပ် ရတနာသုံးပါး မရှိတဲ့အရပ် ,
ဘုရား တရား သံဃာ မရှိတဲ့ အရပ်ဟာ အပြစ်ရှိတဲ့ အရပ်ပဲ ။
မဂ်ဖိုလ်ရကြောင်း တရားကင်းတယ်။
ဆဋ္ဌမ - ဝိကလိန္ဒြိယ လို့ခေါ်တယ် ။
ပဋိသန္ဓေ နေကတည်းက ကျိုး ကန်း ဆွံ့ အ လူစဉ်မမီတဲ့
ဘဝမှာ ဖြစ်ရတာလည်း အပြစ်ရှိတဲ့ အရပ်လို့ ခေါ်တယ် ။
သတ္တမ - မိစ္ဆာဒိဋ္ဌိ မှားယွင်းတဲ့ အယူဝါဒကို ယုံကြည်
စွဲလမ်းပြီး အယူမှားရဲ့ နောက်လိုက် ဖြစ်ရတာဟာလည်း
မဂ်ဖိုလ်ရကြောင်း ကင်းဆိတ်လို့ ရပ်ပြစ်တစ်ပါးပါပဲ ။
နောက်ဆုံး ရှစ်အချက်က -
ဗုဒ္ဓ သုညောတိဟောတုကော အရပ်တဲ့ ။
ဘုရားမရှိသော အချိန်မှာ တိဟိတ် ပဋိသန္ဓေနေသူဟာ
အပြစ်ရှိတဲ့အရပ် ရောက်ရာ မည်တယ် ။
( နောင် သာသနာ ဆိတ်သုန်း သွားတဲ့ အချိန် ) အဲဒီအချိန်
ပဋိသန္ဓေ နေရသော်လည်း မဂ်ဖိုလ် ရကြောင်း အကျင့်ကောင်းကို မရနိုင် , မသိနိုင်တော့ဘူး ။
Credit p k & OEMT
#eieiaung
Comments
Post a Comment