မောင်တောတွင်အကြမ်းဖက်များရွာကိုမီးရှို့
မောင်တောမြို့ပေါ်တွင် မီးလောင်မှုနှစ်ကြိမ် ဖြစ်ပွား
မောင်တောမြို့၊ မြို့မ မြောက်ရပ်ကွက်တွင် ယမန်နေ့ အောက်တိုဘာ ၅ ရက်
ညနက်ပိုင်းနှင့် ယနေ့ အောက်တိုဘာလ ၆ ရက်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့၍ စုစုပေါင်း အိမ် ၂၃ လုံး ဆုံးရှုံးခဲ့ကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။
မြို့မ မြောက်ရပ်ကွက်၊ ရုပ်ရှင်ရုံလမ်းအနီးတွင် ယမန်နေ့ ည ၉ နာရီခန့်က တစ်ကြိမ်၊ ယနေ့မွန်းတည့် ၁၂ နာရီခန့်က တစ်ကြိမ် မီးလောင်ခဲ့ပြီး စုစုပေါင်း နေအိမ် ၂၃ လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ခြင်း ဖြစ်သည်။
မီးလောင်မှုအကြောင်းရင်းကို စိစစ်နေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
မီးလောင်မှု မကြာခဏဖြစ်ပွားနေ၍ တပ်ဖွဲ့ဝင်များ အသင့်အနေအထား ပြင်ဆင်ထားရကြောင်း မီးသတ်တပ်ဖွဲ့က ဆိုသည်။
ဓာတ်ပုံ -မောင်တောမြို့နယ်မီးသတ်တပ်ဖွဲ့
Comments
Post a Comment