ရင့်ကျက်သူတစ်ယောက်ဆိုတာ
တကယ် ရင့်ကျက်လာသူတစ်ယောက်ဆိုတာ...
=======================
ရင့်ကျက်လာသူဖြစ်ဖို့ အဓိကက အတွေ့အကြုံပါ။
အတွေ့အကြုံကနေသင်ယူရင်း
ဒီအတွေ့ကြုံတွေကနေ တဆင့် ရင့်ကျက်သူဆိုတာ ဖြစ်လာကြရတာပါပဲ။
လောကကြီးထဲက ဖြစ်တတ်ပျက်တတ်တဲ့ သဘောတရားတွေ တကယ်လက်တွေကျကျ သိလာပြီဆိုရင် မရင့်ကျက်ခြင်လို့ မရတော့၊ အလိုလို ရင်ကျက်လာတော့တာပါပဲ့...။
တကယ်ရင့်ကျက်လာပြီဆိုရင်...နားလည်မှုတွေ၊ခွင့်လွတ်မှုတွေ၊ သီးခံတတ်မှုတွေ၊သဘောထားကြီးမှု့တွေ စိတ်အေးအေးဖြေရှင်းတတ်မှု့တွေဟာ အရင်ကထက် ပိုများလာတယ်...။ မိမိစိတ်ကိုအရင်ကထက်တိုးတက် ပြောင်းလှဲလာစေခဲ့တယ်...။
စိတ်ထားတွေ အရင်ထက်မြင့်မြတ်လာတယ်။
လောဘဒေါသမောဟတွေလည်းအရင်လို မများတော့။
ပြသနာရပ်တိုင်းကို စိတ်လိုက်မာန်ပါ ဖြေရှင်းတာမျိုး မဟုတ်တော့ပဲ့ ၊
ဒေါသဖြစ်စရာနဲ့ကြုံလည်း အရင်လို ဟူးဟူးဒိုင်းဒိုင်း မပေါက်ကွဲတော့၊စိတ်အေးအေးနဲ့ ပြသနာရဲ့ အရင်းအမြစ်ကို ကြည့်တတ်လာတယ်။ဖြေရှင်းတတ်လာတယ်။
လောဘကြီးစရာနဲ့ကြုံလည်း အတ္တကို အရင်လို ရှေ့တန်းမတင်တော့ သူဖို့ကိုယ်ဖို့ မျှကြည့်ပေးတတ်လာတယ်။
အရာရာကို အသိဉာဏ်နဲ့ ရှု့မြင် ဆင်ခြင်တတ်လာတယ်။
စိတ်အေးအေး အမြင်ရှင်းရှင်းနဲ့ အကြောင်းအရာတိုင်းကို ဖြေရှင်းတတ်လာတယ်...။
အေးဆေးတည်ငြိမ်လာတယ်။
ဒီလိုဆိုရင် သင် ရင့်ကျက်သူတစ်ယောက် ဖြစ်လာပြီပေါ့...။
ဒီလို ရင့်ကျက်လါဖို့ဆိုရင် အထက်ကဆိုခဲ့သလို အဓိက အတွေ့ကြုံလိုအပ်တာပေါ့။
လှိုင်းတပိုးနဲ့အမြဲ့ရိုက်ပုတ်ခြင်းခံနေရတဲ့ ကျောက်ဆောင်ကြီးဟာ အချိန်ကြာလာလေလေ ကျက်လျစ်မာကြောသိပ်သည်းလာလေလေမျိုးခံနိုင်ရည် စွမ်းအား မြင့်မားလာတာမျိုးပေါ့...။
ဒီနေရာမှာ အတွေကြုံကို ဘယ်လိုရှာမလဲ့? ??
အချိန်နဲ့ အသက်အရွယ်ကလည်း အတွေ့ကြုံတွေကို ရနိုင်တယ်။
ကိုယ်က လူငယ်ဆိုရင် ဗဟုသုတတွေကနေ တဆင့် အတွေ့အကြုံရအောင် သင့်ယူပါ။
ဗဟုသုတကို ဘယ်လိုရှာဖွေမလဲ့??
စာဖတ်ခြင်း သုံးနည်းဖြင့် ဗဟုသုတ အတွေ့အကြုံကို ရှာဖွေနိုင်ပါတယ်။
စာဖတ်ခြင်း သုံးမျိုးကတော့
...
(တစ်) မျက်လုံးဖြင့် စာအုပ်စာပေ ဖတ်ရှု့ခြင်း၊
(နှစ်)နားဖြင့် တရားဓမ္မတွေနားထောင်ခြင်း၊
( သုံး )ခရီးထွက်ခြင်း တွေကနေ
အတွေ့အကြုံ ဗဟုသုတတွေရှာဖွေ စုဆောင်းခြင်း ၊
ဆိုတဲ့ စာဖတ်နည်း သုံးနည်းဖြင့် မြင်တာကြားတာတွေ့ကြုံတာတွေကနေ တဆင့် အသိတရားတွေ တိုးပွားလာအောင် သင်ယူပြီး ရင့်ကျက်သူတစ်ယောက် ဖြစ်အောင် ကြိုးစားနိုင်ကြပါစေ...။
လေးစားစွာဖြင့်....
#koko
Comments
Post a Comment