ငွေထမင်းလုပ်နည်း
ငွေထမင်း လုပ်နည်းလေး ရေးပီနော်
များများလုပ်ချင်ရင်..ဆ တိုးသွားပါရှင်
.... .... .... .....
ကောက်ညင်းဆန် ၄လုံး
အုန်းနို့ဗူးသေး ၁ ဗူး
သကြား ၄လုံးပေါင်းအိုးရဲ့ဆန်ချင်ခွက် ၂ ခွက်
ဆား ထမင်းစားဇွန်းဝက်
ဆီ / နှမ်းလှော် အနည်းငယ်
ကောက်ညင်းကို အနည်းဆုံး ၃နာရီခန့် ရေစိမ်ပါ....
ပြီးရင်...ပေါင်းချောင်မှာ ငှက်ပျောရွက်လေးခံ ပေါင်းပေးပါ...
ကောက်ညင်းအမျိုးအစား...မီးအနေအထား ကွာခြားမှုပေါ် လိုက်ပြီး နပ်ချိန် ကွာပါလိမ့်မယ်နော်...
ကောက်ညင်းကို နပ်လည်းနပ် အလုံးအဆန်လည်း မပျက်စေရန် သတိထားပေါင်းပေးပါနော်...
ကောက်ညင်းပေါင်းနေတုန်း ...အိုးတစ်ခုထဲမှာ အုန်းနို့နဲ့သကြားဆားရောပြီး....အပူပေးပါ...
ပွက်ပွက်ဆူပါစေ...ရေမထည့်ရပါဘူး..
သကြားဆား အားလုံး ပျော်ဝင်သွားပြီဆို ရပါပြီ ......
ကောက်ညင်းနပ်ရင်....မွှေမယ့်ဇလုံထဲပြောင်းထည့်ပါ..
အုန်းနို့အရောထည့်ပါ....နှံ့အောင် မွှေပေးပါ...
အရသာ အချို မိမိအကြိုက် ထည့်နိုင်ပါတယ်နော်...
အခုက..အနေတော်အချိုပါ...
ထည့်မယ့်ဗန်းထဲ ဆီသုတ်ပါ...ကောက်ညင်းထည့်ပါ.
ဆီသုတ်ထားတဲ့ ယောက်မ သို့ ဇွန်းဖြင့် ဖိသိပ်ပေးရပါမယ်...
နှမ်းလှော်လေးဖြူးပါ...ဖိပေးပါ....
သိပ်နေမှ လှီးရင် အဆင်ပြေပါလိမ့်မယ်နော်...
လုံးဝ အေးသွားမှ...အဆင်ပြေသလို လှီးဖြတ်သုံးဆောင်ပါရှင်....
အကယ်၍...စိန်ဖေကြီးမုန့် စားချင်ရင်ဖြင့်....အုန်းနို့ဗူးသေးတစ်ဝက်ခန့်ကို ကောက်ညင်းဖြန့်သိပ်အပြီး အပေါ်မှ ဖြန်းပါ...
Convention Oven နဲ့သော်၎င်း....
Oven နဲ့သော်၎င်း....
ရိုးရိုးမီးခဲအပေါ်ပေး၍သော်၎င်း...အပေါ်ယံမျက်နှာပြင် နီရဲရဲလေးဖြစ်အောင်..ပြန်ဖုတ်ပေးရပါတယ်...
အုန်းနို့နံ့သင်းသင်းလေးရယ်..နှမ်းလှော်မွှေးမွှေးရယ်...ငှက်ပျောဖက်နံ့လေးသင်းနေတဲ့ မြန်မာ့ရိုးရာ ကောက်ညင်းငွေထမင်းလေးပါရှင်...
စားကောင်းအဆင်ပြေကြပါစေ........ချစ်တဲ့kwett
Chit Shwe Kwett
Comments
Post a Comment