ကျောင်းသားလေးအစားသေဆုံးသွားသောဆရာမတိုက်တဲ့သူတွေပါဖမ်းမိ

ကြွေချိန်မတန်တဲ့ ပန်းတစ်ပွင့်အတွက်
အစားကြွေပေးသူ

ဆရာမ နာမည်က ဒေါ်သန်းသန်းဝေ
ရာထူးက မူလတန်းပြ
တာဝန်ထမ်းဆောင်နေတာက
အမက (လွန်) ဆပ်သွားတော
မှော်ဘီမြို့နယ် ရန်ကုန်တိုင်းဒေသကြီး
အသက်က (၅၇) နှစ်

အောက်တိုဘာ (၂) ရက်
ကျောင်းဆင်းချိန် ကျောင်းအပြန်လမ်းမ
ကားတစ်စီးက ဝင်လာချိန် တပည့် ကလေးတစ်ယောက်ကို တိုက်လုလုချိန်
ကလေးတစ်ယောက်အသက်အတွက် တွန်းဖယ်ရင်း ကားတိုက်ခံရကာ
မိမိအသက် ပေးဆပ်သွားသူပါ။

ထူးခြားတဲ့ ဆရာစိတ် ဆရာ့စေတနာကို သက်သေပြသွားသူပါ။
ဘေးရန်ဆီးကာ ဆိုတဲ့ ဆရာ့ဝတ်ကို
လက်တွေ့ဆောင်ရွက်သွားသူပါ။

ဆရာလောကအတွက် ဆရာဆရာမအားလုံး ကိုယ်စား ချီးကျူးဂုဏ်ပြု မော်ကွန်းတင် လိုက်ရပါတယ် ဆရာမ ဒေါ်သန်းသန်းဝေ ခင်ဗျာ။

ဆရာမ ဘဝသစ်မှာ တူသောအကျိုး ခံစား စံစားနိုင်ပါစေ။

Aung Aung (Education)

Comments

Popular posts from this blog

ဂျပန်စာမေးပွဲအကြောင်းသိကောင်းစရာ

Hivရောဂါပြောက်ဆေး

အာဆီယံ